
တည်ဆောက်ပေးကာ အနာငြိမ်းစေသော ဒဏ်ရာများ
သုတေသနအချက်အလက်များအရ Gen Z(ဂျန်ဇီး)မျိုးဆက်များသည် လိမ်ညာချီးမွမ်းမှုကို တစ်မိုင်အကွာကပင် သိနိုင်စွမ်းရှိသည်။ ရည်ရွယ်ချက်မှာ သနားကြင်နာမှုဖြစ်နိုင်သော်လည်း စစ်မှန်သော လေးစားမှုနှင့် ရိုးသားမှုကဲ့သို့သော ပိုမိုနက်ရှိုင်းသောအရာကို ထိုမျိုးဆက်ဝင်တို့ တန်ဖိုးထားကြသည်။ မြှောက်ပင့် ပြောဆိုခံရရေးကို ရှာဖွေနေခြင်း မဟုတ်ဘဲ သူတို့အား ယုံကြည်ပေးမှုကို လိုလားကြသည်။ အမှန်တရားကို ပြောဆိုသောအခါ သူတို့အား လေးစားအလေးထားသည်ဟု ခံစားရပြီး ကြီးထွားရင့်ကျက်လာရန် စိန်ခေါ်ခံရသည်။ သို့သော် ၎င်းသည် ကျွန်ုပ်တို့အများစုအတွက် မှန်နေနိုင်ပါသည်။
ဆာလံ ၁၄၁:၅ က ဤဉာဏ်ပညာကို ဖော်ပြထားသည်။ “ဖြောင့်မတ်သောသူသည် အကျွန်ုပ်ကို ဒဏ်ခတ်ပါစေသော၊ ကျေးဇူးရှိပါလိမ့်မည်။ ဆုံးမပါစေသော”ဟု ဒါဝိဒ်ရေးခဲ့သည်။ ဘုရားသခင်ထံ ဆုတောင်းရာတွင် သူ့အနေဖြင့် မိတ်ဆွေများက ချစ်ခြင်းမေတ္တာဖြင့်ပေးသော ဒဏ်ချက်များကို ကျေးဇူးပြုမှုအဖြစ် ကြိုဆိုနိုင်ရန် တောင်းလျှောက်ထားသည် (: ၅၊ သု ၂၇:၆ ကိုလည်း ကြည့်ပါ)။ စစ်မှန်သောမေတ္တာသည် ခက်ခဲသည့်တိုင်…
ဘုရားမေတ္တာကို ထင်ဟပ်အသက်ရှင်ပြပါ
Branden(ဘရန်ဒန်)၏ဖခင်သည် အသက် ၅၀ ကျော်တွင် ကင်ဆာရောဂါဖြင့် ဆုံးပါးတော့မည်ဖြစ်၍၊ မိဘကို ကူညီပြုစုနိုင်ရန် သူနှင့်အတူ လာရောက်နေထိုင်ရန် ဘရန်ဒန် နားချတိုက်တွန်းခဲ့သည်။ ဖခင်သည် အပူပိုင်းဒေသကို နှစ်သက်သော်လည်း ခရီးမသွားနိုင်တော့သဖြင့် ဘရန်ဒန် တီထွင် ကြံဆရတော့သည်။ သူ့အိမ်နောက်ဘက်တွင် ရေကန်ငယ်တစ်ခုကို ဖန်တီးကာ ငါးများထည့်သည်။ ကျောက်တုံးများပေါ်မှ စီးဆင်းသော ရေတံခွန်တစ်ခုကို ဆင်ခဲ့သည်။ ကမ်းခြေသဲများကို ထရပ်ကား ၃ စီးစာ ခင်းသည်။ ငှက်ပျောပင်၊ မီးလုံးများနှင့် ခြံတွင်းအလှဆင်ဝါးမီးတိုင်များကို ထည့်သွင်းပြီး အရိပ်အတွက် နေကာအဆောင်တစ်ခုကို တည်ဆောက်ခဲ့သည်။ သူ၏ဖခင်သည် သူ၏နောက်ဆုံးနေ့ရက်များကို အိမ်နောက်ဖေးရှိ ပရဒိသုဘုံကျွန်း၌ ပျော်ရွှင်စွာခံစားရင်း ကုန်ဆုံးခဲ့သည်။
ဘရန်ဒန်၏လုပ်ရပ်များသည် ထွက်မြောက်ရာကျမ်း အခန်းကြီး ၂၀ တွင် ပုံဖော်ထားသော မိဘနှင့် သားသမီးများအကြား သဟဇာတဖြစ်မှုကို ထင်ဟပ်စေသည်။ ဘုရားသခင်သည် ဣသရေလလူမျိုးတို့အား မောရှေအားဖြင့် “သင်၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူသောပြည်၌…
တရားဟောရာကျမ်း
ဥပဒေ - တရားဟောရာကျမ်း
ကန္တာရထဲ၌ အနှစ် ၄၀ သွားလာပြီးနောက် ဘုရားသခင်၏လူမျိုးတော်သည် ကတိတော်ထားရာနယ်မြေ၏ အစွန်အဖျားနားသို့ ရောက်ရှိလာသည်။ ပိုမိုကောင်းမွန်သည့် ဘဝအခြေအနေသို့ တက်လှမ်းရန်အတွက် သူတို့ အသင့်ရှိနေကြပြီဖြစ်သည်။ သို့ရာတွင် သူတို့အတွက် ဘုရားသခင်ပြင်ဆင်ပေးထားသည့် အံ့သြဖွယ်အသက်တာကို မွေ့လျော်ခံစားနိုင်ရန်အတွက်…

တောလည်ရာကျမ်း
ဥပဒေ - တောလည်ရာကျမ်း
အကယ်၍ သင်သည် လမ်းလျှောက်တတ်ခါစကလေးငယ်တစ်ဦး သို့မဟုတ်၊ သင်္ချာဆရာတစ်ဦး မဟုတ်ပါက (အဲဂုတ္တုပြည်မှ မောရှေထုတ်ဆောင်သော ဣသရေလလူမျိုးတို့၏အရေအတွက် ကိန်းကဏန်းမှတ်တမ်းဖြစ်သည့်)
“တောလည်ရာကျမ်း”သည် စိတ်လှုပ်ရှားစရာကောင်းသည့်ကျမ်း ဖြစ်မည့်ပုံ မပေါ်သလို စိတ်လှုပ်ရှားဖွယ်ရာများစွာ မပါဝင်ပါ။ သို့သော်လည်း ထိုသို့…
ကိုးကွယ်ထိုက်သောအရှင်
ဧပြီလ နေ့လယ်ခင်းတစ်ခုတွင် မက္ကဆီကိုနှင့် အမေရိကန်ပြည်ထောင်စုတို့ကို ဖြတ်ကာ နေကြတ်မည့်ဒေသများကို ကြိုတင်သတ်မှတ်ထားသော လမ်းကြောင်းမျဉ်းကွေးတစ်လျှောက်တွင် ဖြစ်တောင့်ဖြစ်ခဲ အလုံးစုံနေကြတ်ခြင်းကို ကိုယ်တိုင်ကြည့်ရှုရန် လူသန်းပေါင်းများစွာတို့စုရုံးခဲ့ကြသည်။ ကျောင်းများက ကလေးများကို ပြန်လွှတ်ပေးခဲ့ပြီး၊ မြို့ငယ်လေးများတွင် ရောက်ရှိလာသည့် ခရီးသွားများဖြင့် ပိုမိုစည်ကားခဲ့သည်။ အံ့ဩဖွယ်နေကြတ်ခြင်းကို ကြည့်ရှုရန် လူတို့သည်အကာအကွယ်မျက်မှန်တပ်ကာ ကုလားထိုင်များချပြီး ထိုင်စောင့်နေခဲ့ကြသည်။ ရုပ်မြင်သံကြား အဖွဲ့ဝင်များက “လုံးဝ အမှောင်ကျ”သည်ထိ ရေတွက်မှုကို မှတ်တမ်းတင်နေစဉ် လူအုပ်ကြီးက “အို ဘုရားသခင်”ဟူသည့် စကားစုကို ထပ်ခါတလဲလဲ ရေရွတ်သံမှလွဲ၍ တိတ်ဆိတ်နေခဲ့သည်။
ကျွန်မ အံ့ဩမိသည်။ ထိုသူတို့သည် ထိုအချိန်အတွင်း ထိုစကားစုကို အဘယ်ကြောင့် ရွေးချယ်ခဲ့သည်ကို အတိအကျမသိသော်လည်း သေမျိုးဖြစ်သော လူသားများအနေဖြင့် ထိုရှားပါးအံ့ဖွယ်နေကြတ်ခြင်းကိုကြည့်ပြီး သူတို့အသိအမှတ်ပြုရန်၊ ကျေးဇူးတင်ရန်၊ ကိုးကွယ်ရန် တစ်စုံတစ်ဦးကို လိုအပ်နေသလားဟု ကျွန်မ သံသယဝင်မိသည်။ အထက်သို့မျှော်ကြည့်လျှင် ကျွန်မတို့၏တုံ့ပြန်မှုမှာ ဒါဝိဒ် ရေးသားခဲ့သည့်အတိုင်း “မိုးကောင်းကင်သည်…


သခင်ယေရှု၏သက်သေခံ
“မိမိကလေးများ ယုံကြည်လာအောင် ကျွန်ုပ်တို့မလုပ်နိုင်ပါ။ သို့သော် မိမိယုံကြည်သည့် အရာအတွက် ယုံကြည်ရသည့်အကြောင်းပြချက်ကိုသာ ကလေးများအား ကျွန်ုပ်တို့ပေးနိုင်၏”ဟူသည့် စကားကို ကျွန်ုပ်ကြားဖူးသည်။ ၎င်းသည် ပညာရှိသော လေ့လာသုံးသပ် ချက်ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့ မည်သည့်အကြောင်းပြချက် ပေးမည်နည်း။
မိဘအုပ်ထိန်းမှုဆိုင်ရာ အကြံဉာဏ်အတွက် တမန်တော်ပေါလုကို ကျွန်ုပ်တို့ ပထမဦးစားပေးရွေးချယ်မည်မဟုတ်ပါ။ သူ၌ သားသမီးရှိခဲ့ပုံ မပေါ်ပါ။ မိဘများအနေဖြင့် မိဘဘဝကို ဖြတ်သန်းဖူးသူ၊ အတွေ့အကြုံရှိသူ၊ မအိပ်နိုင်သော မွေးကင်းစကလေးငယ်များ၊ ကလေးများ လူလားမြောက်လာချိန်၌ ကြုံရသည့် အခက်ခဲများနှင့် လမ်းလွှဲသွားသော သားသမီးအတွက် ဆုတောင်းရခြင်းစသည့် ခံစားချက်များကို သိသည့် မိဘတို့၏စကားကို ကျွန်ုပ်တို့ကြားလိုကြသည်။ သို့သော် ရှောလု(သို့) ပေါလု၌ ကျွန်ုပ်တို့အား သွန်သင်စရာရှိနေသည်။
ရှောလုသည် ခရစ်ယာန်များကို နှိပ်စက်ညှဉ်းပန်းရန် သွားစဉ် ခရစ်တော်ကြားဝင်ခဲ့ပြီး၊ သူမျက်စိကွယ်သွားခဲ့သည် (တ ၉:၁-၉)။ မကြာမီ အာနနိ ရောက်လာပြီး…